မိုးပျံနှင့်မြေအောက်ရထားလမ်း ဖောက်လုပ်ရန် ပြည်ပ ၄ နိုင်ငံကမ်းလှမ်း
နိုင်ငံ၌မြေအောက်ရထားလမ်းနှင့်
ကောင်းကင်ရထားလမ်းဖောက်လုပ်ရန် ပြည်ပနိုင်ငံအချို့မှ ကမ်းလှမ်းမှုများ ရှိနေရာ ၄င်းတို့သာ
B.O.T စနစ်ဖြင့် လုပ်ကိုင်လိုပါက
ခွင့်ပြုပေးသွားမည်ဟု နေပြည်တော် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ခွင့်ပြုပေးသွားမည်ဟု နေပြည်တော် ရထားပို့ဆောင်ရေး ၀န်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
ရန်ကုန်၌ တည်ဆောက်ရန်
ရည်ရွယ်သော မိုးပျံနှင့်မြေအောက်ရထားလိုင်းကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့နှင့် တရုတ်နိုင်ငံ
ဘေဂျင်းမြို့များမှပုံစံမျိုး တည်ဆောက်ရန် ကြံဆနေကြောင်းသိရသည်။
စီမံကိန်းစတင်အကောင်အထည်ဖော်ရန်မှာ BOT စနစ်ခေါ် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း ဆိုသည့် အခြေအနေပေါ်တွင် မူတည်နေ၍ တည်ဆောက်မည့်
ကုမ္ပဏီများနှင့် ညှိနှိုင်းဆွေးနွေး လုပ်ကိုင်ခွင့်ပြုသွားမည် ဖြစ်ကြောင်း သိရသည်။
BOT စနစ်ဖြင့် လာရောက်ဆောင်ရွက်မည်ဆိုပါက
၎င်းတို့ နှစ်ပြည့်သွားလျှင် နိုင်ငံကသာ ဆက်လက်တာဝန်ယူ လုပ်ဆောင်သွားရမည်ဖြစ်သဖြင့်
နိုင်ငံအတွက် အရှုံးမရှိဘဲ အမြတ်သာကျန်မည်ဟုလည်း သိရသည်။
ဤရထားလိုင်း
စီမံကိန်းကို အမေရိကန်၊ဂျာမနီ၊ဂျပန်နှင့် စင်္ကာပူမှ ကုမ္ပဏီများက စိတ်ဝင်စားနေကြကြောင်း
သိရသည်။ လာရောက်ဖောက်လုပ်ရန် ကမ်းလှမ်းသည့် နိုင်ငံများမှာ တရုတ်၊ရုရှား၊ဂျပန်နှင့်
တောင်ကိုရီးယား နိုင်ငံတို့ဖြစ်ပြီး BOT စနစ်အပေါ် ၄င်းတို့က ယနေ့အထိ အကြောင်းမပြန်သေးကြောင်း
သိရသည်။
၎င်းတို့က ရန်ကုန်တွင် ကောင်းကင်ရထားလမ်း၊ ရန်ကုန်-နေပြည်တော
်မြေအောက်ရထားလမ်းနှင့် ရန်ကုန်-နေပြည်တော်-မန္တလေး ကျည်ဆန်ရထားလမ်း ဖောက်လုပ်ရန်ကမ်းလှမ်းခဲ့ကြောင်း
သိရသည်။
မြေအောက်ကျည်ဆန်ရထားလမ်းနှင့်
ကောင်းကင်ရထားလမ်းတို့ ဖောက်လုပ်ပါက ၁ ကီလိုမီတာ လျှင် ကန် ဒေါ်လာ ၁၀
သန်းနီးပါးခန့်ကျသင့်မည်ဟု နိုင်ငံတကာဈေးနှုန်းများအရ သိရသည်။
ရန်ကုန်မြို့အား
စီးပွားရေးမြို့တော်အဖြစ် အဆင့်မြှင့်တင်ရန်
မြေပေါ်၊မြေအောက် မီးရထားလမ်းများကို ဖောက်လုပ်သွားမည်ဖြစ်ပြီးယင်းစီမံကိန်းအတွက် နိုင်ငံခြားပညာရှင်များမှ ရေးဆွဲနေပြီ ဖြစ်ကြောင်း ၂၀၁၂ ခုနှစ်
ဇန်န၀ါရီလ ၂၆ ရက်နေ့ သတင်းအရ သိရသည်။
စီးပွားရေးအချက်အချာကျသော
ရန်ကုန်မြို့တွင် လူဦးရေ ၆ သန်းခန့်ရှိပြီး နိုင်ငံလူဦးရေ၏ ၁၀ပုံ၁ပုံ နေထိုင်
လျှက်ရှိသည်။ မိုးပျံ၊မြေအောက် ရထားလမ်းများသည် မြို့ပြ၏အလှကို
ပို၍ပဏ္ဍာတင့်စေမည်ဖြစ်သည်။
Комментариев нет:
Отправить комментарий