суббота, 25 февраля 2012 г.

တရုတ် နဂါး အကြောင်း



                  တရုတ်ဒဏ္ဍာရီလာ ပုံပြင်များအရ တရုတ်နဂါးသည် ကောင်းကင်မှလာကြောင်း၊ ယင်းအတွက်ကြောင့် ကောင်းကင်ဘုံရှိသည်ဟု လက်ခံထားပြီး တစ်နည်းအားဖြင့် ကောင်းကင်ဘုံမှ အခွင့်အာဏာအဖြစ် မှတ်ယူကြသည်။တရုတ်ဧကရာဇ်သည် ကောင်းကင်ဘုံမှလာသူဖြစ်သဖြင့် နဂါးများကို အမိန့်ပေး ညွှန်ကြားနိုင်ကြောင်း ဆိုထားသည်။ 

 
              တရုတ်တွင် နဂါးမှာ အောင်မြင်မှုအရှိဆုံး အမှတ်သင်္ကေတအဖြစ် သတ်မှတ်ခံရပြီး ဘုရင်များသည် နဂါးရုပ်ပါသော တော်ဝင်ဝတ်စုံများ ၀တ်ဆင်လေ့ရှိသည်။ နဂါး၏ သားကိုးကောင် အကြောင်းကို မင်မင်းဆက် (အေဒီ ၁၃၆၈-၁၆၄၄) အထိ သိရှိသူနည်းပါးပြီး နဂါးကိုးကောင်အကြောင်းနှင့် ပတ်သက်၍ ပုံပြင်တစ်ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။ 
             မင်မင်းဆက်၏ ပထမဆုံးဘုရင်အား ကူညီပေးရန် ကောင်းကင်ဘုံရှိ နဂါးမင်းသည် ၎င်း၏သားကိုးကောင်ကို စေလွှတ်ခဲ့သည်။ အကူအညီပေး လုပ်ငန်းစဉ်ပြီးဆုံးပြီးနောက် နဂါးကိုးကောင်သည် ကောင်းကင်ဘုံသို့ ပြန်ရန်ပြင်ဆင်ခဲ့သည်။ သို့သော် ဘုရင်က ဆက်လက်ကူညီစေချင်သည်။ နဂါး ကိုးကောင်မှာ လက်မခံသဖြင့် ဘုရင်က မတားဆီးနိုင်ခဲ့ပေ။ ယင်းအတွက်ဘုရင်ကနဂါးကိုးကောင်အနက်အစွမ်းရှိဆုံးနံပါတ်ခြောက်နဂါးကို မှော်ကျောက်တိုင်ယူလာရန် တစ်ဖက်လှည့်ဖြင့် ခိုင်းစေခဲ့သည်။ ယင်းမှော်ကျောက်တိုင်မှာ တစ္ဆေ၊သရဲ၊ မကောင်း ဆိုးဝါးများကို နှိမ်နင်းနိုင်စွမ်းရှိသည်။ 
            နံပါတ်ခြောက်နဂါးမှာ ယင်းကျောက်တိုင်အောက်မှ မရုန်းထွက်နိုင် သဖြင့် ကျန်နဂါးများမှာလည်း နံပါတ်ခြောက် နဂါးမပါသဖြင့် ကောင်းကင်ဘုံသို့ ပြန်၍မရခဲ့ပေ။ သို့သော် နဂါးကိုးကောင်သည် ဘုရင်ကို ကူညီခြင်းမပြုတော့သလို နဂါးအဖြစ် မနေထိုင်တော့ဘဲ မကောင်းဆိုးဝါးများအဖြစ် အသွင်ပြောင်းခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်းမှစ၍ နဂါးကိုးကောင်သည် တရုတ်တွင်ရှိခဲ့ခြင်းဖြစ်ကြောင်း ယင်းပုံပြင်တွင် ဖော်ပြထားသည်။

1 комментарий:

  1. ကျေးဇူးတင်ပါတယ်ဗျာ။ ဗဟုသုတ ရှားမှီးခွင့်ရတဲ့အတွက်။ နောင်လည်း ဗဟုသုတလေးများ ကို သိချင်ပါသေးတယ်ဗျာ။

    ОтветитьУдалить