သာသည့်မြေသို့
အလှထူးပါဘိ မြဖူးပြာအငုံနဲ့
လွှာရုံမှာ ညှာစုံကျင်းရော့ထင့်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ့ သူ့ခြံမှာ။
ငါ့ခြံကြည့်ပြန်တော့
မချိပူဗွေဖြာခဲ့
မြေပြာမှာ နေဇာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလဲ မပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချူံပုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။
သူ့စခန်း
သာဆန်း ရဂုံသွင်မို့
ငါလှမ်းကာ ခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင်
ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်းရယ်နဲ့
ညှင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့် စိတ်ထဲ။
သို့လဲလေ မသင့်မလျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလဲ
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့ ၊
ကျက်သရေ
တက်နေဝင့်အောင်လ
ငါ့ခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့် အခါမျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ ။
ငွေတာရီ



Комментариев нет:
Отправить комментарий