လက်ရှိ TB(Tuberculosis) ရောဂါအတွက် ၆လ/၉လ ချီပြီး နေ့စဉ်ရက်ဆက် ဆေးအခွက်ပေါင်း ၂၀၀/၃၀၀ နီးပါး ရေရှည်ကုသသောနည်းကို သုံးခဲ့ရာမှ နောက်ဆုံးပေါ်နည်းသစ်အနေဖြင့် ၃လကြာ တစ်ပတ်မှာ၁ခါ ဆေးခွက်ပေါင်း ၁၂ခွက်သာ သောက်ရသော ကုထုံးအသစ်၁ခုကို အမေရိကန်သုတေသီတွေက စမ်းသပ်တွေ့ရှိလိုက်ကြပါပြီ။
Spain
နှင့်
Brazil
အပါအ၀င် မြောက်အမေရိကတိုက်နိုင်ငံများတွင် HIV မရှိသောလူပေါင်း ၇၅၀၀ ကိုစမ်းသပ်ပြီးတွေ့ရှိခဲ့သော ယခုဆေးကုထုံးသစ်ကို အမေရိကန်နိုင်ငံရှိ CDC ခေါ်
ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးဗဟို (Centers for Disease Control and Prevention)
ကလည်းထောက်ခံချက် ပေးလိုက်ပါပြီ။ ဒီကုထုံးအသစ်ကိုတွေ့ရှိခဲ့သော Melta path တက္ကသိုလ်၏ သုတေသီအဖွဲ့မှ၁ဦးဖြစ်သော Dr.Timmothy Starlynn က ယခင် ၆လ(သို့မဟုတ်)၉လ သောက်ရသော Isoniazid နေ့စဉ်ဆေးတွဲကုထုံးမှာ ပြဿနာက လူနာတိုင်းက ဆေးကုန်အောင်နဲ့ မှန်မှန်မသောက်နိုင်ကြတာလို့ ထောက်ပြလိုက်ပါတယ်။
အခုသူတို့တွေ့လိုက်တဲ့ ကုထုံးသစ်မှာတော့ Isoniazid နဲ့ Rifapentine ကိုတွဲပေးလိုက်ပြီး ၁ပတ်၁ခါ ၃လပဲ သောက်ရုံနှင့် ထိရောက်မှုရှိကြောင်း Dr.Starlynn ကဆက်ရှင်းပြထားပါတယ်။
ဒီလေ့လာမှုရဲ့ရလဒ်တွေအရ Isoniazid နဲ့ Rifapentine ဆေးတွဲအသစ်က ယခင် ၉လကြာ ကုရသော Isoniazid ဆေးအတွဲထိရောက်သလောက်ကိုပဲ ထိရောက်နေတာကို ပြနေပါတယ်၊ပြီတော့အချိန်ကို ပိုတိုပြီး ၃လကြာပဲသောက်ရတဲ့ ဆေးတွဲအသစ်ဟာ ဆေးကုသမှုခံယူသူတွေအတွက် ဆေးအားလုံးကုန်တဲ့ အထိ အများကြီးပိုသောက်နိုင်တာကိုတွေ့ရပြီး၊လူတွေအနေနဲ့လည်း ဆေးဒဏ်ကိုပိုပြီး ခံနိုင်တာကိုတွေ့ခဲ့ရပါတယ်။
နောက်ကွာခြားချက်၁ခုကလည်း ဒီဆေးကုထုံးအသစ်မှာက လူနာဘက်ကအတိအကျ လိုက်နာမှုရှိအောင် ကျန်းမာရေးလုပ်သားတွေရဲ့ရှေ့မှာ သောက်ရပါတယ်။ CDCခေါ် အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးဗဟို ကလည်း ဒီဆေးကို မသုံးသင့်တဲ့ သူတွေ အထဲမှာ ~
_ HIV ပိုးရှိပြီး ART(Antiretroviral therapy) ဆေးကုသမှုခံယူနေသူတွေ၊
_ ကိုယ်ဝန်ဆောင်မိခင်တွေ နဲ့
_ 12 နှစ်အောက် ကလေးတွေ ဖြစ်တယ်လို့ဆိုပါတယ်။
ဘာလို့လဲဆိုတော့ သူတို့ကို မစမ်းသပ်ရသေးတဲ့လို့ပါလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာလည်း လက်ရှိအထိ စံကုထုံးဖြစ်နေတဲ့
ဆေး(၄)မျိုးပေါင်းစပ်ပြီး ၆လကြာနေ့စဉ်သောက်ရတာကိုပဲ ဆက်လက်ကျင့်သုံးနေပြီး အခုကုထုံးအသစ်ကို
စမ်းသပ်နိုင်တာတော့ မရှိသေးဘူးလို့ Dr.Aye Yu Soe, Public
Health Officer (TB and Malaria) က ဆိုပါတယ်။
ကျန်းမာရေးပညာရှင်တွေကတော့ ဒီ ၆လကြာဆေးသောက်ရာမှာ
တချို့ကဆေးကုန်အောင် မသောက်နိုင်ကြလို့ ရောဂါပြန်ဖြစ်ပြီးပိုဆိုးသွားတာ(သို့) နောက်ဆက်တွဲရောဂါတွေခံစားရတာ (သို့)
ဆေးယဉ်ပါးတာတွေ ဖြစ်လာမှာကို စိုးရိမ်ရတယ်လို့ဆိုပါတယ်။
ဒါကြောင့်မို့ Dr.Aye Yu Soe ကပဲ မြန်မာနိုင်ငံမှာ
လက်ရှိသုံးနေတဲ့ ၆လကြာဆေးကို ကုန်အောင်သောက်နိုင်ဖို့ လိုတယ်လို့ဆိုပါတယ်။
_ လူနာကို စိတ်ဓာတ်ရေးရာအားဖြင့် မြှင့်တင်လာဖို့၊
_ ဒီရောဂါဟာ တကယ်တမ်းကုရင်ပျောက်တယ်ဆိုတဲ့
Message ကို သေသေချာချာ ရှင်းရှင်းလင်းလင်းရှင်းပြဖို့၊
_ ဒီလိုရောဂါကို သေချာမကုရင် အတူနေတဲ့
မိသားစု၊ပတ်ဝန်းကျင် မှာအန္တရာယ်ရှိတယ် ဆိုတာကို သူတို့ကို ထပ်ပြီးတော့ သတိပေး၊အားပေး၊ပံ့ပိုးမှုပေးနိုင်ဖို့၊
_ လူနာကို ဆေးသောက်နိုင်အောင်လည်း အခြေအနေ
ဖန်တီးပေးနိုင်ဖို့-ဆိုလိုသည်မှာ လူနာ၌ ဆေး၏ ဘေးထွက်ဆိုးကျိုးရှိ/မရှိ၊ ၄င်းဘေးထွက်ဆိုးကျိုးတွေကို
သက်သာအောင် ဆေးဝါးဓါတ်စာများ ၊အာဟာရဓါတ်များဖြင့် ပံ့ပိုးဖို့ လိုကြောင်း ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO (World Health Organization) က TB ရောဂါကြောင့် နှစ်စဉ်လူပေါင်း နှစ်သန်း နီးပါး သေနေရပြီး၊ နောက်ထပ်လူသား သန်းပေါင်း ၂၀၀၀ ခန့်ဟာလည်း ဒီရောဂါဖြစ်လာဖို့ အန္တရာယ်ထဲ ကျရောက်နေတယ်လို့ သတိပေးထားပါတယ်။ မြန်မာနိုင်ငံမှာလည်း
အကြမ်းဖျဉ်းအားဖြင့် လူ ၁သိန်းတွင် အယောက် ၆၀၀ နီးပါးလောက် TB ဖြစ်နေတာကို တွေရှိနေရသေးပါတယ်။
မြန်မာနိုင်ငံသည် ကမ္ဘာတွင် TB အဖြစ်ဆုံး ၂၂ ခုမြောက်နိုင်ငံအဆင့်တွင် ရှိနေပြီး ၊ရောဂါရှိသူများကို ယခုထက် ပို၍ ရှာဖွေဖော်ထုတ်ကုသနိုင်ရေးအပြင် TB
ရောဂါတိုက်ဖျက်ရေးမှာလည်း ပိုမိုအရေးပါလျှက်ရှိတာကို တွေ့ရှိရပါတယ်။အဓိကအရေးအကြီးဆုံးမှာ
ကာကွယ်မှု နှင့် ကုသမှု ပင်ဖြစ်ပါတယ်။
ကူးစက်နိုင်တဲ့နည်းလမ်းကတော့ အသက်ရှုလမ်းကြောင်းကနေတဆင့်
ကူးစက်တဲ့နည်းလမ်းပဲရှိပါတယ်။
ကာကွယ်နိုင်တဲ့နည်းလမ်းကတော့
_ TB ရောဂါဖြစ်တဲ့လူနာသည် ချောင်းဆိုးတိုင်း
လက်ကိုင်ပုဝါနဲ့ အုပ်ပြီးတော့ ချောင်းဆိုးသင့်ပါတယ်၊
_ သလိပ်ကို စနစ်တကျ စွန့်ပစ်ဖို့ လိုပါတယ်၊ဖြစ်နိုင်လျှင် ပိုးသတ်ဆေးလေးတွေကို
သလိပ်ထွေးခွက်မှာ ထည့်ပြီးစိမ်ပေးသင့်ပါတယ်၊
_ အတူနေမိသားစုဝင်များနှင့် လူနာကိုပါ အမြဲတမ်း surgical mask လိုနှာခေါင်းစည်းလေးတွေနဲ့
စည်းထားဖို့ လိုပါတယ်၊
_ လူနာ၏နေရာကိုလည်း လေ၀င်လေထွက် ကောင်းနေဖို့ လိုပါတယ်၊
_ နေရောင်ခြည်အောက်တွင် ရောဂါပိုးများသေစေနိုင်၍ လူနာ၏ အသုံးအဆောင်ပစ္စည်းများ စောင်၊ခေါင်းအုံး၊
ခြင်ထောင် အားလုံးကို နေပူမကြာခဏ လှမ်းပေးဖို့ လိုပါတယ်။
ထို့ပြင် ယခုလို ကာကွယ်သည့်ကြားက မလွှဲမရှောင်သာ ကူးစက်ခံရပြီဆိုလျှင်လည်း အမြန်စစ်ဆေးနိုင်ရန် အတွက် ရောဂါလက္ခဏာများ ကိုလည်း သိရှိထားရန် လိုအပ်ပါတယ်~
_ အချိန်ကြာရှည်စွာ ချောင်းဆိုးခြင်း-(၂ ပတ်ထက်ပို၍ )
_ သလိပ်ထဲတွင်သွေးစများ ပါလာခြင်း၊
_ ကိုယ်အလေးချိန်လျော့ကျလာခြင်း၊
_ အဖျားတငွေ့ငွေ့ဖြင့် ဖျားနေခြင်း တို့ ဖြစ်ပါတယ်။
HIV ကူးစက်ခံထားရသော ဝေဒနာရှင်များအနေဖြင့်လည်း
TB ရောဂါ ရှိ/မရှိ ပုံမှန်စစ်ဆေးသင့်ပါတယ်။ TB ရောဂါရှင်များအနေဖြင့် အချိန်မှီမကုသနိုင်ခြင်း(သို့)
ဆေး Course ကုန်အောင် မသောက်နိုင်ခြင်း တို့ကြောင့် နောက်ဆက်တွဲ TB ရောဂါများ ဖြစ်သော~
_ အရိုးTB၊
_ အူ TB များအပြင်
_ အမျိုးသမီးလေးများ၌ မျိုးပွါးအင်္ဂါ များတွင်ပါဖြစ်တတ်သောTB ရောဂါမျိုးကြောင့် ကိုယ်ဝန်မရခြင်း၊
သားသမီးမရတော့ခြင်း၊
_ ကလေးများတွင်လည်း ကလေးTB ကြောင့်ကြီးထွားမှုနှုန်း နှေးကွေးခြင်း၊ ဖွံ့ဖြိုးမှုနောက်ကျခြင်းတို့အပြင်
TB ကြောင့်ဖြစ်သော ဦးနှောက်အမှေးရောင်ခြင်း စသောလက္ခဏာများလည်း မြန်မာနိုင်ငံ၌ တွေ့ရှိရပါတယ်။
ထို့ကြောင့် ယခုကဲ့သို့ TB ၏ နောက်ဆက်တွဲ
ရောဂါဆိုးကျိုးများ မခံစားရအောင် ဆေးစစ်ဖို့နဲ့ ဆေးကုသဖို့ အလကားရနိုင်နေတာမို့ အချိန်မှီ
စစ်ဆေးပြီး လိုအပ်လျှင် ကုသမှုခံယူနိုင်ကြဖို့ အကြံပြု တိုက်တွန်းလိုက်ပါတယ်။
MulticolourfulZone




Комментариев нет:
Отправить комментарий